Download more icon variants from https://tabler-icons.io/i/bell
Download more icon variants from https://tabler-icons.io/i/scale
Book Title

“ထစ်ချုန်းသလို ပေါ်လာတဲ့ အရုဏ်” - နေသန်မောင်

ကျနော်တို့တိုင်းပြည်ရဲ့ ကုန်လွန်ခဲ့တဲ့ အနှစ် ၁၅၀ကိုပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးတိုက်ပွဲကာလနဲ့ လွတ်လပ်ပြီး စစ်ပဒေသရာဇ်ခေတ်တွေကို လူမျိုးပေါင်းစုံ ခါးစည်းဖြတ်သန်းနေရဆဲပါ။ ရှည်ကြာလှတဲ့ အမှောင်တိုက်အောက် လွတ်လပ်ရေးတိုက်ပွဲကာလ ဦးအောင်ဆန်းပေါ်ထွက်လာတဲ့ တိုတောင်းလှတဲ့အချိန်ဟာ ကျနော်တို့အားလုံး ဖျတ်ခနဲမြင်ခဲ့ရတဲ့ “အရုဏ်”တခုဖြစ်ခဲ့ပါတယ်။ အရုဏ်ကျင်းပြီး မိုးမသောက်၊ အလင်းမရောက်ခဲ့ဘဲ မြန်မာစစ်တပ်ရဲ့ စစ်ပ‌ဒေသရာဇ်စနစ် ထူထောင်မှုအောက် ပြည်တွင်းစစ်ကြီးနဲ့အတူ တိုင်းပြည်ထူထောင်ခန်း၊ နိုင်ငံထူထောင်ခန်းကို ဘယ်တော့မှမရောက်ခဲ့ဘဲ ကျရှုံးနိုင်ငံအဖြစ် ကျရောက်ခဲ့ပါတယ်။ အတိတ်ကြေးမုံပြင် “အရုဏ်”မှာ ပြည်မက မြန်မာနိုင်ငံရေးသမားတွေရဲ့ “မနာလိုမုန်းတီးမှုနဲ့ ဂိုဏ်းဂဏဝါဒစွဲ”ကို အခြေခံတဲ့ နိုင်ငံရေးယဉ်ကျေးမှုကနေ အလွှာလွှာအထပ်ထပ် ရစ်ပတ်ထားတဲ့ပဋိပက္ခတွေ ပြည့်နှက်နေပြီး ဒီယဉ်ကျေးမှုဟာ အတွေးအခေါ်တိုက်ပွဲနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနှစ်မျိုးကို မွေးထုတ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းရဲ့ လက်ယာစွန်း စစ်ပဒေသရာဇ်ဝါဒီ မြန်မာစစ်တပ်ဟာ နိုင်ငံတော် တည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေးနဲ့ နိုင်ငံတည်ဆောက်‌ရေး ဖြစ်စဉ်တွေအားလုံးကို လက်ဝါးကြီးအုပ်လိုက်ပြီး ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါက်ကွဲထွက်လာခြင်းနဲ့ အရှေ့မြောက်ဒေသက ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွားခြင်းဆိုတဲ့ ဖြစ်ရပ်နှစ်ခုမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတော်အာဏာကို တတိယအကြိမ်လုယူသိမ်းပိုက်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ဘယ်လိုအတွေးအခေါ်၊ ဗီဇလက္ခဏာနဲ့ ရှင်သန်ကြီးထွားလာခဲ့သလဲဆိုတာ အနှစ် ၁၁၀သမိုင်းရုပ်ပုံလွှာတွေကို ရေးခြစ်ပြီး ကြိုးစားဖြေဆိုထားပါတယ်။

Book Detail Information
  •  Publisher : Inyastream 2022
  •  Language : မြန်မာ (Myanmar)
  •  Binding : Paperback
  •  Pages : 408 pages
  •  Dimension: ၆လက်မ x ၉လက်မ
  •  Weight: ၁.၀၃ ပေါင်
  •  ISBN: 979-8-9867078-8-0-8
  •  Price: အမေရိကန်‌ဒေါ်လာ ၂၉.၉၉၊ စင်္ကာပူဒေါ်လာ ၃၉.၉၉၊ ထိုင်းဘတ် ၄၉၉။
Download more icon variants from https://tabler-icons.io/i/star
Download more icon variants from https://tabler-icons.io/i/shopping-cart
Customer Infromation

Order Information

Delivery charges will be calculate based on country